၀န်ကြီးဌာနသတင်းများ

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ (Head of Office) ဖြစ်သူ Mr. Sajjad Mohammad Sajid နှင့် အဖွဲ့အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

           ထိုသို့တွေ့ဆုံစဉ် UNOCHA က မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါသည်။

           တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် UNOCHA ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။