၀န်ကြီးဌာနသတင်းများ

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ စီးပွားရေးကောင်စီ၏ ဥက္ကဋ္ဌ မစ္စတာ အလက်ဇေး အီဂရာရယ်ဘိချ် ရှူပလော့ ဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ (ကြာသပတေးနေ့)၊ ၁၅ ၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံခဲ့သည်။

         ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ နယ်ပယ်စုံတွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း တိုက်ရိုက်အဆက်အသွယ်များ ထူထောင်ရေးနှင့် မြန်မာနိုင်ငံတွင် ရုရှား-မြန်မာ စီးပွားရေးကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

        တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။