၀န်ကြီးဌာနသတင်းများ

၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၅ ရက်အနေ့ထိ မလေးရှားနိုင်ငံ၊ ဂျဟိုးမြို့၊ ဒါဆာရု၌  ကျင်းပသည့် (၄၇) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့အစည်းအဝေး (Forty-Seventh Meeting of the High-level Task Force on ASEAN Economic Integration-47th HLTF-EI) သို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ဖြစ်သူ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများ၊ ၂၀၂ ခုနှစ် မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင် ရွက်မည့်စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables – PEDs)၊  အာဆီယံ စီးပွားရေး အသိုက်အဝန်း (အေအီးစီ) လမ်းပြမြေပုံ-၂၀၂၅ ၏ အပြီးသတ်ကာလသုံးသပ်ချက် ဆောင်ရွက်မှုများအာဆီယံဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်သည့်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အေအီးစီ မဟာဗျူဟာလုပ်ငန်းစီမံချက် ၂၀၂၆-၂၀၃၀ ရေးဆွဲမှု၊ ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် ကိစ္စ ရပ်များ၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများအစည်းအဝေးသို့တင်ပြမည့် အကြံပြုချက်များအပေါ် ဆွေးနွေးညှိနှိုင်းကြပါသည်။

ဒုတိယဝန်ကြီးက လက်ရှိကမ္ဘာ့စီးပွားရေးမူဝါဒ အပြောင်းအလဲများနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စိန်ခေါ်မှုများကြောင့် အာဆီယံဒေသတွင်း ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို အလေးထားဆောင်ရွက်ရန်၊ ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရေး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ၂၀၂ ခုနှစ်၊ လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များကို အချိန်မီပြီးစီးရန်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော် နိုင်ရန်အတွက် အာဆီယံ၏ မဏ္ဍိုင်များအကြား၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန်၊ ကောင်းမွန်သောစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းနှင့် စပ်လျဉ်း၍ နိုင်ငံများ၏ အတွေ့အကြုံများကိုမျှဝေပေးရန်၊ အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာ လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲနေမှုအား အပြီးသတ်ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီမံချက်များ ချမှတ်ရာတွင် ညီညွတ်မျှတမှုရှိစေရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းရေးအတွက် အားလုံးပါဝင်နိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ် H.E. Dato’ Hairil Yahri Yaacob က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပါသည်။ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့် လုပ်ငန်းအဖွဲ့ကို အာဆီယံနိုင်ငံများ၏ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များဖြင့် ဖွဲ့စည်းထားပြီး၊ အာဆီယံစီးပွားရေးအသိုက်အဝန်း၏ လုပ်ငန်းများအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ် များအပေါ်ဆွေးနွေးညှိနှိုင်း၍ အာဆီယံစီးပွားရေးဝန်ကြီးများထံ အကြံပြုချက်များ တင်ပြခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။