၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နေပြည်တော်တွင်ပြုလုပ်မည့် “Nepal- Myanmar Partnership in Digital Transformation Progarm” နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်  နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

            ယင်းတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြောင်း သတင်းရရှိသည်။