၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ယနေ့ညနေပိုင်းတွင် အားပေးစကားပြောကြား၍ ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ရေး တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆဋ္ဌမအကြိမ်မြောက် ဆန်၊ ဆီ၊ ခြင်ထောင်၊ အိပ်ရာခင်းဖျာ၊ သောက်ရေသန့်၊ ကြက်ဥ၊ ကော်ဖီမစ်ထုပ်၊ သကြား၊ စည်သွတ်ဗူး၊ ဘာလ ချောင်ကြော်၊ ဆန်ကြာဇံထုပ်နှင့် ခြင်ဆေးခွေစသည့် အသုံးအဆောင်ပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်  (၁၂) မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။