အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုးက ရန်ကုန်မြို့၊ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက် (အင်္ဂါနေ့)၊ နေ့လယ်ပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းနှင့် ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုူလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံချက်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပါအဝင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။