၀န်ကြီးဌာနသတင်းများ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုး က ရန်ကုန်မြို့ ၊ ထိုင်းသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Yordying Supasri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဧပြီလ၂၇ ရက် (တနင်္လာနေ့)၊ နေ့လယ် ပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေး၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသော ထိုင်းနိုင်ငံသား စီးပွားရေးလုပ်ငန်း ရှင်များ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်မြင့်မားရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုများ မြန်ဆန်စေရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့်တာဝန်ရှိသူများအပါအဝင် ထိုင်းသံရုံး နှင့် ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။