၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ ဒီဇင်ဘာ ၁၁


မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား Denmark - Myanmar Country Programme ၂၀၁၆-၂၀၂၀ အစီအစဉ်တွင် ပါဝင်သော စီမံချက်များ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုရလဒ်များ၊ တိုးတက်မှု များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းသည့် တတိယအကြိမ် အကဲဖြတ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. Mr. John Nielsen Denmark - Myanmar Country Programme ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ အဆင့်မြင့် အရာရှိများနှင့် ကိုယ်စားလှယ်များ၊ ဒိန်းမတ်နိုင်ငံ သံရုံးမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


အဆိုပါ အစည်းအဝေးတွင် Country Programme တွင် ပါဝင်သော စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ စီမံချက်များ အချိန်မီ ပြီးမြောက် အောင်မြင်စေရေးအတွက် ပိုမိုကောင်းမွန်နိုင်မည့် နည်းလမ်းများနှင့် ၂၀၂၀ ခုနှစ်အလွန်တွင် သက်ဆိုင်ရာဌာနများအလိုက် ဒိန်းမတ်နိုင်ငံနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လို သည့် စီမံချက်နယ်ပယ်များနှင့် သီးခြားပူးပေါင်း ဆောင်ရွက်လိုသည့် စီမံချက်နယ်ပယ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။