၀န်ကြီးဌာနသတင်းများ


နေပြည်တော် ၊၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၂ ရက်

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၃၉) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေး (39th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI ) သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူသည့် ၂၀၂၁ ခုနှစ် အတွင်း ဦးစားပေးအကောင်အထည်ဖော်‌ ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ၊ အာဆီယံ ဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင် အကောင်အထည်ဖော်မှု အခြေအနေ၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း (အေအီးစီ) ၂၀၂၅ လမ်းပြမြေပုံကာလလယ် သုံးသပ်ချက်ဆောင်ရွက်မှု အခြေအနေ၊ ၂၀၂၅ ခုနှစ် အလွန် အာဆီယံ၏ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်၊ စတုတ္တ စက်မှုအသွင် ကူးပြောင်းရေး မူဘောင် အကောင်ထည်ဖော်ရန်ကိစ္စရပ်များ၊ အာဆီယံအနေဖြင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည့် အစီအစဉ်၊ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့်   ၂၀၂၁ နှစ် မတ်လ ၂ ရက်နေ့တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ အကြံပြုချက်များကို ဆွေးနွေး ကြပါသည်။

ဒုတိယဝန်ကြီးက ယခုအစည်းအဝေးကျင်းပပေးသည့်အတွက် ဘရုနိုင်းနိုင်ငံအား ကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့်အိမ်နီးချင်းနိုင်ငံများနှင့် အပြန် အလှန်ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်ဆံသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ၊ ဘင်းစတက်နှင့် မဲခေါင်အဖွဲ့အစည်းများစသည့် ဒေသတွင်းနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုများ တွင်လည်း တက်ကြွစွာပါဝင်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် နှစ်နိုင်ငံနှင့် နိုင်ငံစုံစာချုပ်များကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း တို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်           Mr. Gabriel Lim က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ မှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ ပါဝင်တက်ရောက်ကြပါသည်။