၀န်ကြီးဌာနသတင်းများ

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်


ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျင်းပသည့် (၃၇)ကြိမ်မြောက် အာဆီယံ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (37th Meeting of the High-Level  Task Force on ASEAN Economic Integration, HLTF-EI 37) အစည်းအဝေး တက်ရောက်သို့  အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး   တက်ရောက်ခဲ့ပါသည်။


အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Gabriel Lim က   Video Conference ဖြင့် သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။


အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ၏ အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် ချမှတ် ထားသည့် ဦးစားပေးအစီအစဉ်များ၊  အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင် အထည်ဖော်မှု ကာလလယ် သုံးသပ်ခြင်း အစီအစဉ်များ၊ အာဆီယံဒေသ ပြင်ပ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့လုပ်ငန်းစဉ်များ၊ စတုတ္တ စက်မှုအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊  အာဆီယံ၏ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဆိုင်ရာ လေ့လာမှု၊  အာဆီယံ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့် (၂၆) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့် ကိစ္စရပ်များကို ဆွေးနွေးကြပါသည်။