၀န်ကြီးဌာနသတင်းများ



၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ နေပြည်တော်

         

United Nations Economic and Social Commission for Asia and the Pacific (UNESCAP) ၏ ESCAP Sustainable Business Network (ESBN) မှ ကြီးမှူးကျင်းပ ပြုလုပ်သည့် Asia-Pacific Business Forum (APBF) 2020 ဖိုရမ်ကို Video Conference စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် နံနက် ၈:၃၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ (ဗန်ကောက်စံတော်ချိန် နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ) ကျင်းပပြုလုပ် ခဲ့သည်။


ဖိုရမ်တွင် ESBN ၏ ဥက္ကဋ္ဌဖြစ်သူ Dr. Lee George Lam ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် UNESCAP ၏ အမှုဆောင်အတွင်းရေးမှူးဖြစ်သူ Ms. Armida Salsiah Alisjahbana နှင့် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဖြစ်သူDr. Sansern Samalapa တို့က အဖွင့်အမှာစကား အသီးသီးပြောကြား ခဲ့သည်။


ဖိုရမ်၌ တက်ရောက်လာကြသူများက ယခုနှစ်ခေါင်းစဉ်ဖြစ်သည့် “The Future of Global Value Chains and Implications for SMEs” ကို အဓိကဆွေးနွေးခြင်း၊Plenary Sessions များဖြင့် အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ SME များနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများကို ဖြေရှင်းခြင်းနှင့် အခွင့်အလမ်းများကို လက်တွေ့အသုံးချမှုများ၊ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ရောဂါကို တုံ့ပြန်ရန်အတွက် နိုင်ငံအလိုက် ဆောင်ရွက်မှုအခြေအနေများ၊ Global Value Chains မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ကောင်းမွန်လာ စေရေးအတွက် ဆောင်ရွက်မှုများ၊ ဒေသတွင်းကုန်သွယ်မှု တိုးမြင့်လာစေရေးအတွက် ဆောင်ရွက်မှု အခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။


ဖိုရမ်သို့ သက်ဆိုင်ရာနိုင်ငံများမှ အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအဖွဲ့ အစည်းတို့မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။