၀န်ကြီးဌာနသတင်းများ


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် မန္တလေးမြို့  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) အစည်းအဝေးခန်းမ၌ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) က ဦးဆောင်ကျင်းပပြုလုပ်သည့် Covid-19 & Myanmar Economy; Past, Present & Future စကားဝိုင်း ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ ပါသည်။


အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ၊ ဦးရဲမင်းဦး တို့ ပါဝင်ဆွေးနွေးခဲ့ပါသည်။


မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊  အသင်းဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း ( ၆၅ ) ဦး တက်ရောက်ခဲ့ပါသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံးအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ပါသည်။