၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဇူလိုင် ၂၉


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့၌ နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Regional Comprehensive Economic Partnership Agreement - RCEP)တွင် မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။