၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဩဂုတ် ၅


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းသည် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့၌ နိုင်ငံတော်သမ္မတ ထံမှ ပေးပို့ထားသော ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရန် ရှင်းလင်းတင်ပြခဲ့သည်။


အဆိုပါကိစ္စရပ်အပေါ်တွင် လွိုင်ကော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူနှင့် နွားထိုးကြီးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင် တို့က ထောက်ခံအကြံပြုဆွေးနွေးခဲ့ပါသည်။ ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေးကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။