၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊မေ၂၀


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း မေးမြန်းသည့်“၂၀၁၆ ခုနှစ်၊ ဧပြီလ မှ ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု မည်မျှတိုးတက်လာသည်ကို သိရှိလိုခြင်းနှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်များအား သိရှိလိုခြင်း” နှင့်စပ်လျဉ်းသည့် မေးခွန်းအား ရှင်းလင်းတင်ပြခဲ့ပါသည်။