၀န်ကြီးဌာနသတင်းများ

နေပြည်တော် အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ ၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်မ၌ Online System ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ UEHRD ကော်မတီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UEHRD ၏ Task Force အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NGOs၊ INGOs များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် UEHRD ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း Video Message ကို ထုတ်လွှင့်ပြသသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဖွင့်မိန့်ခွန်း အပြည့်အစုံကို Myanmar State Counsellor Office facebook page တွင်သီးခြားဖော်ပြ ထားပါသည်။)

ထို့နောက် UEHRD ကော်မတီ၏ ၃ နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်း Video Clip ကို ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

Credit: Myanmar State Counsellor Office