၀န်ကြီးဌာနသတင်းများ


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ဆွမ်းဆက်ကပ်ပွဲတွင် ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် များထံမှ ပရိတ်တရားတော်များနားကြားကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး ဒေါ်စန္ဒာလွင်မှ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။


ဆွမ်းဆက်ကပ်ပွဲ သို့ ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ စုစုပေါင်းအင်အား ၂၃ ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြပါသည်။