၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ စက်တင်ဘာလ  ရက်

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဦးဆောင်ရေးဆွဲခဲ့သော မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (မူကြမ်းအပေါ် ပုဂ္ဂလိက ကဏ္ဍ၏ အကြံပြုချက်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ အစည်းအဝေးသို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ 

အစည်းအဝေးတွင် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (မူကြမ်း) အပေါ် ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များအား စီမံချက်အဆိုပြုလွှာများနှင့်တကွ ဆွေးနွေးပါသည်။ ဆွေးနွေးချက်များနှင့်ပတ်သက်၍ စီမံချက်တွင်လိုအပ်သလို ဖြည့်သွင်းနိုင်ရေးနှင့် စီမံချက်အားအကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍက ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်း များအား ညှိနှိုင်းခဲ့ကြပါသည်။