၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ စက်တင်ဘာ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန နှင့် EVYD Knowledge Hub on Public Health တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့်  အာဆီယံဒစ်ဂျစ်တယ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဝန်ကြီးအဆင့်အထူးကွန်ဖရင့် (Special Ministerial Conference for ASEAN Digital Public Health) သို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) မှ ပါဝင်တက်ရောက် သည်။


အဆိုပါ ဆွေးနွေးပွဲကို အာဆီယံဒေသတွင်း ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ ကပ်ရောဂါ ပျံ့နှံမှုကို ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေး ၊ပြည်သူ့ကျန်းမာရေး စောင့်ကြည့်မှုတို့တွင် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှု မြှင့်တင် ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်၍ အာဆီယံနိုင်ငံများက ကျန်းမာရေး၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ အာဆီယံအဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်  သုတေသနအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ဘရူနိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာ ရေးနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E. Dato Dr. Haji Md Isham bin Jaafar   နှင့် အာဆီယံအတွင်းရေးမှူးချုပ်  H.E. Dato Lim Jock Hoi တို့ကအဖွင့် အမှာစကားများ ပြောကြားသည်။ ထို့နောက် Duke-NUS Medical School Emerging Infectious Diseases Programme မှ Professor  & Director  ဖြစ်သူ Professor Wang Linfa  က The science behind pandemic ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။


ဆွေးနွေးပွဲပထမနေ့တွင် Lessons learnt from managing the COVID-19 pandemic in ASEANHow can the ASEAN region prepare for Disease XBrunei Darussalam Healthcare Digital TransformationRole of research in public health Global Outlook in the New Norm နှင့် The Chinese CDC Experience ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ဒုတိယနေ့တွင် Investing and financing in public healthCollaborating in public health နှင့် Living with COVID-19 ခေါင်းစဉ်များဖြင့်လည်းကောင်း Panel Discussion အနေဖြင့် ကဏ္ဍအလိုက် မူဝါဒချမှတ်သူများနှင့် ကျွမ်းကျင်ပညာရှင်များက ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်တွင်လည်း ထပ်မံကျင်းပမည် ဖြစ်ပါသည်။