၀န်ကြီးဌာနသတင်းများ


နေပြည်တော် ၊၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ ၁၄ ရက်

၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီအကြို အာဆီယံ စီးပွားရေးအရာရှိများ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝါဝါမောင်သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက်သည်။

အဆိုပါ အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊  ဘဏ္ဍာရေး နှင့် စီးပွားရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် Dr. May Fa'ezah Ahmad Ariffin က အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်စီးပွားရေးအရာရှိများ၊ ကိုယ်စားလှယ် များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ပါသည်။ 

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၌ ကျင်းပမည့်  (၂၀) ကြိမ် မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးတွင် ဆွေးနွေးမည့် ကိစ္စရပ်များ၊ (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံ စီးပွားရေးအသိုက်အဝန်းကတင်ပြမည့် ကိစ္စရပ်များနှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီမှ အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့်အစီရင်ခံစာတို့အပေါ်  ဆွေးနွေးညှိနှိုင်း ပါသည်။

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်နှင့်အတူ  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနမှ အရာရှိများလည်း ပါဝင်တက်ရောက်သည်။