၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ အောက်တိုဘာလ ၁၈ ရက်

ကိုဗစ် -၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကိုဗစ် -၁၉ ရန်ပုံငွေမှ ထုတ်ချေးပေးမည့် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးအပ်နိုင်ရေးအတွက်  ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့ စေရေး စီမံချက် (Myanmar Economic Recovery Plan - MERP) ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြီးခဲ့သည့်အစည်းအဝေးနှင့်ယခုအစည်းအဝေးအကြား ကုစားရေးလုပ်ငန်း ကော်မတီ က ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ် -၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေး အတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဝန်ကြီးဌာန များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုစားရေးလုပ်ငန်းကော်မတီသို့ တင်ပြလာသည့် အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြပါသည်။