၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် သြစတြေးလျနိုင်ငံ၏ အကြီးဆုံး ရေနံနှင့်သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Woodside Energy Ltd မှ Executive Vice President ဖြစ်သူ Ms. Meg O’ Neill ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် Woodside Energy company မှ Executive Vice-President တို့သည် ကမ်းလွန်လုပ်ကွက် A-6 နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကုမ္ပဏီ၏ Corporate Social Responsibility (CSR) programs တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ကမ်းလွန်လုပ်ကွက် A-6 တွင် Woodside Energy company က ၄၀ ရာခိုင်နှုန်း ၊ Myanmar Petroleum Resourses Ltd. (MPRL E&P) က ၂၀ ရာခိုင်နှုန်း၊ ပြင်သစ်စွမ်းအင် ကုမ္ပဏီဖြစ်သည့် TOTAL  မှ ၄၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်လျက် ရှိပါသည်။