၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ မတ်လ ၃၁



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်းများ နေ့စဉ်ရုံးတက်ချိန်တွင် အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် သန့်စင်စေခြင်း၊ ဝန်ထမ်းများကို လိုအပ်သလို Mask နှင့် တစ်ခါသုံးလက်အိတ်များ အသုံးပြု၍ လုပ်ငန်းဆောင်ရွက်စေခြင်း၊  ဝန်ကြီးဌာနတွင်း ကျင်းပသည့် အစည်းအဝေးများ တွင် သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပြီး အစည်းအဝေး ပြုလုပ်ခြင်းဖြင့် COVID-19 ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။