၀န်ကြီးဌာနသတင်းများ

မြန်မာ - UNICEF ပူးပေါင်းဆောင်ရွက်မှုနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) အရ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Multi-Year Work Plan (2018-2019) အား နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်းနှင့် Multi-Year Work Plan (2020-2021) အတွက် ကြိုတင်ပြင်ဆင်ခြင်း ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNICEF Deputy Representative Mr. Paul Edwards တို့က အမှာစကားများ ပြောကြားခဲ့သည်။ အစည်းအဝေး သို့တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များ၊ စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNICEF မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်သည်။

အစည်းအဝေးတွင် UNICEF ၏ Country Programme (၂၀၁၈-၂၀၂၂) အောက်ရှိ Multi-Year Work Plan (2018-2019) အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာတိုးတက်မှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် Multi-Year Work Plan (2020-2021) တွင် ဆက်လက် အကောင်အထည်ဖော်မည့် ဦးစားပေးဆောင်ရွက်ချက်များနှင့် ထပ်မံထည့်သွင်း ဆောင်ရွက်သွား မည့်လုပ်ဆောင်ချက်များအား အတည်ပြုသတ်မှတ်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး သည်။

UNICEFသည် မြန်မာနိုင်ငံတွင်၁၉၅၀ ခုနှစ်မှစ၍ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကဏ္ဍ များတွင် ကူညီပံ့ပိုးပေးလျက်ရှိပြီး မြန်မာ-UNICEF ပူးပေါင်းဆောင်ရွက်မှု နိုင်ငံဆိုင်ရာ အစီ အစဉ် (၂၀၁၈ - ၂၀၂၂) အရ မြန်မာနိုင်ငံရှိကလေးသူငယ်များအတွက် ကျန်းမာရေးနှင့် အာဟာရ ပြည့်ဝရေး၊ ပညာရေး၊ ရေရရှိရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကလေးသူငယ်ကာကွယ် စောင့် ရှောက်ရေး၊ လူမှုရေးကာကွယ်စောင့်ရှောက်မှုနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စောင့်ကြည့် လေ့လာသုံးသပ်ခြင်းစသည့်ကဏ္ဍများတွင် လုပ်ငန်းစီမံချက်များကို ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၂၀၇.၅၀၈ သန်းဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။