၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် နေပြည်တော်ရှိ M Gallery Hotel ၌ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့အခြေစိုက် စင်ကာပူနိုင်ငံသံရုံးမှ စင်ကာပူနိုင်ငံ၏ (၅၄) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ အဓိကဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် (၅၄)နှစ်မြောက်စင်ကာပူအမျိုးသားနေ့ အတွက် ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုကြောင်း၊ စင်ကာပူနိုင်ငံသည် လက်ရှိ အချိန်အထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုအများအပြားရှိသောကြောင့် ဂုဏ်ယူဝမ်းမြောက် မိပါကြောင်းနှင့် ရေရှည်တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့ပါတယ်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ပါတယ်။