၀န်ကြီးဌာနသတင်းများ

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ၂၀၁၉ခုနှစ် ဇွန်လ ၂၂ရက်နေ့ ဒေသစံတော်ချိန်နံနက်၀၉၀၀ နာရီတွင် Athenee Tower, Crystal Hall ၌ကျင်းပသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအာဆီယံ စီးပွားရေးဝန်ကြီးများ၏ အထူးအစည်းအဝေး(Special ASEAN Economic Minister’s Meeting on RCEP)သို့တက်ရောက်သည်။

အစည်းအဝေးတွင် အဓိကရည်မှန်းချက်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၉ခုနှစ်အတွင်း အပြီးသတ်ရန်နှင့် စေ့စပ်ညှိနှိုင်းမှုများ၏ တိုးတက်မှုအခြေအနေများအပေါ်အမြင်ချင်းဖလှယ်ခဲ့ကြသည်။