၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး သည် DaNa Facility မှ အကြီးတန်းအရာရှိပုဂ္ဂိုလ် Peter J. Brimble ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ် မေလ ၁၄ ရက် နံနက် ၀၉၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၊ နေပြည်တော် တွင် လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် DaNa Facility အထောက်အပံ့ဖြင့် Capacity Building အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့သည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ Public Private Dialogue နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။