၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ၃၀-၄-၂၀၁၉ ရက်နေ့ ၀၉၀၀ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီဘဏ်လီမိတက်မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေနှင့် ပံ့ပိုးကူညီ အကောင်အထည် ဖော်ထားသော တပ်ကုန်းမြို့နယ်ရှိ ပေတောကျေးရွာ ဥစားကြက်ခြံစီမံကိန်းအား ပေတောကျေးရွာ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဧရာဝတီဘဏ်လီမိတက်နှင့် Myanmar CP Livestock Co., Ltd တို့အကြား ချေးငွေသဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

အဆိုပါစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် ချေးငွေထောက်ပံ့ရေးအစီအစဉ်အား ၂၀၁၈ ခုနှစ် မေလမှ စတင် ညှိနှိုင်းခဲ့ပြီး စီမံကိန်းအတွက် ဧရာဝတီဘဏ်မှ ကျပ်ငွေသန်း ၁၃၀၀ ကို အတိုးနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း ၁၀ နှစ် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပါတယ်။ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၊ လူမှုအဖွဲ့အစည်းနှင့် ကုမ္ပဏီတို့အတွက် ရေရှည်အကျိုးကျေးဇူးရရှိစေမှာဖြစ်ပါတယ်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီဘဏ်လီမိတက်၊ Myanmar CP Livestock Co., Ltd နှင့် ပေတောကျေးရွာရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူအသီးသီးတို့က စာချုပ်ချုပ်ဆိုသည့် အကြောင်းအရင်းနှင့် ရရှိလာမည့် ရလဒ်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။