၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ကမ္ဘာ့စီးပွားရေးဖိုရမ် ၏ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Mr. Justin Wood အား ၂၉-၄-၂၀၁၉ ရက် ၁၅၀၀ နာရီတွင် ရုံးအမှတ် (၁) ၊ နေပြည်တော်၌ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွား နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်သည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာအဖွဲ့ဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ၊  ဒေသဆိုင်ရာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အစီအစဉ်များ ပုံဖော်နိုင်ရန် ထင်ရှားသော နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားလူမှုရေးခေါင်းဆောင်များကို ချိတ်ဆက်ပေးလျက်ရှိသည့် အဖွဲ့အစည်း ဖြစ်ကာ ကမ္ဘာ့စီးပွားရေးဖိုရမ် စတင်တည်ထောင်သည့် ၁၉၇၁ ခုနှစ်မှစတင်၍ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် နှစ်စဉ် အစည်းအဝေးပွဲများကို ကျင်းပလျက်ရှိပါတယ်။

ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အာရှ-ပစိဖိတ်ဆိုင်ရာ ဒေသတွင်းနှင့်ပထဝီနိုင်ငံရေးဆိုင်ရာ Community Lead နှင့် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Mr. Piyamit Bing Chomprasob လည်း တက်ရောက်ခဲ့ပါတယ်။