၀န်ကြီးဌာနသတင်းများ

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေမှ ဦးဆောင်၍ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၆) ကြိမ်မြောက် လစဉ်တွေ့ဆုံဆွေးနွေးပွဲကို ၂၇-၄-၂၀၁၉ ရက်နေ့ ၀၉၀၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတက်ရောက် ခဲ့ပါတယ်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးအတွက် ဆောင်ရွက် နေမှု အခြေအနေများ၊ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် စီးပွားရေးလုပ်ငန်းရှင် များ၏ တွေ့ကြုံနေရသည့် အခက်အခဲ အကြံပြုတင်ပြချက်များအပေါ် ဝန်ကြီးဌာနမှ ဖြေရှင်း ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါတယ်။