၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့၌ အီတလီနိုင်ငံ Milan မြို့တွင် အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Hon. Mr. Ivan Scalfarotto နှင့်တွေ့ဆုံခဲ့ပြီး အီတလီ-မြန်မာ နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ခဲ့ပါသည်။

၎င်းအပြင် ပြည်ထောင်စုဝန်ကြီးသည် Milan မြို့၌ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ဆွေးနွေးဖလှယ်ခဲ့ပါသည်။