၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ဉက္ကဋ္ဌ ဒေါက်တာ အောင်သူရ ဦးဆောင်သည့်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ စတုတ္ထအကြိမ် Entrepreneurship Summit 2019 ကို နိုဝင်ဘာလ(၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပပြုလုပ်နိုင်ရေး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြပါသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။