၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည်  ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်း Mr. Jacques Chirac ကွယ်လွန် သွားခဲ့သည့်အတွက် ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် (၁၀၂)၊ ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးနေအိမ်၌ ဖွင့်လှစ် ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ် စာအုပ်တွင် သွားရောက်လက်မှတ် ရေးထိုး သည်။

ပြင်သစ်နိုင်ငံ၏ သမ္မတဟောင်း Mr. Jacques Chirac သည် ကွယ်လွန်ချိန်၌ အသက် ၈၆ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။