၀န်ကြီးဌာနသတင်းများ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ရောက်ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း၌ Business France မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Chirstophe LECOURTER၊ French Development Agency (AFD) မှ အရှေ့ရေးရာဌာန ညွှန်ကြားရေးမှူးဖြစ်သူ Mr. Remy GENEVY နှင့် PROPARCO မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Gregory CLEMENTE တို့နှင့်တွေ့ဆုံခဲ့သည်။

နေ့လည်ပိုင်း၌ Prospective and Innovation Foundation ၏ နာယက၊ ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Jean Pierre RAFFARIN နှင့် Total ကုမ္ပဏီ၏ ထုတ်ကုန်ဌာနခွဲ ဒါရိုက်တာ Mr. Arnaud BREUILLAC တို့နှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု၊ လျှပ်စစ်၊ မြို့ပြဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်သစ်တော ပြန်လည် ထိန်းသိမ်းထူထောင်ရေးကဏ္ဍများ၌ အကူအညီအထောက်အပံ့ပေးနေမှု၊ စွမ်းအင်၊ စိုက်ပျိုးရေး အခြေခံလုပ်ငန်းများ၊ Wholesale & Retail နှင့် SMEs ကဏ္ဍများ၌ ပြင်သစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။