၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ၊ အမျိုးသားပြတိုက်၌ ကျင်းပပြုလုပ်သည့် ချက်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်ပြီးဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။