၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် AustCham Myanmar မှ ကြီးမှူး၍ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rosewood Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် 4th Annual Women in Business and Leadership Development Gala Dinner သို့ တက်ရောက်၍ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

4th Annual Women in Business and Leadership Development Conference ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) ၂၀၁၈-၂၀၃၀ အရ ချမှတ်ထားသည့် ဦးစားပေးကဏ္ဍများနှင့်အညီ သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။