၀န်ကြီးဌာနသတင်းများ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့၌ Mouvement des Entreprises de France (MEDEF) ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ ပါသည်။ တွေ့ဆုံစဉ် ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်များမှ Wholesale & Retail ၊ Digital and ICT ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း၊ ရေနှင့် ရေဆိုးသန့်စင်ခြင်း လုပ်ငန်း၊ ရေအားလျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည် ဆွေးနွေးဖြေကြား ခဲ့ပါသည်။

ပြင်သစ်နိုင်ငံသို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးသည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်၏ သံတမန် ရေးရာ အကြံပေးဖြစ်သူ Mr. Bertrand LORTHOLARY ၊ ဥရောပနှင့် နိုင်ငံခြားရေးရာ ဝန်ကြီးဖြစ်သူ Mr. Jean-Yves Le DRIAN တို့နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။