၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ နိုဝင်ဘာလ ၂၀ ရက်

 

Swiss Challenge တင်ဒါကော်မတီသည် ရန်ကုန်မြို့ တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်၊ ပထမဆင့်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားကြောင်းအဆိုပြုလွှာ (Expression of Interest - EOI) များ ဖိတ်ခေါ်ခဲ့ရာ သတ်မှတ်ရက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့အတွင်း နိုင်ငံပေါင်း (၉) နိုင်ငံရှိ အဖွဲ့အစည်း ၁၆ ဖွဲ့က တင်ပြခဲ့သည်။

 

အဆိုပါ အဖွဲ့အစည်းများအနက် သတ်မှတ်အရည်အချင်း၊ လိုအပ်ချက်များနှင့် ပြည့်စုံသော အဖွဲ့အစည်း ၁၅ ဖွဲ့ကို ရွေးချယ်ပြီး အဆိုပြုဖိတ်ခေါ်လွှာများ(Request for Proposals – RFP) ဝယ်ယူနိုင်ကြောင်း အကြောင်းကြားခဲ့ရာ သတ်မှတ်ထားသည့်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့အတွင်း အောက်ဖော်ပြပါ အဖွဲ့အစည်း (၉)ဖွဲ့က ဝယ်ယူခဲ့ကြောင်း သိရှိရသည်-

 

(1)               BES Engineering Corporation (ထိုင်ဝမ် အခြေစိုက်)

(2)               BYMA Myanmar Limited, a Bouygues Construction Group subsidiary (ပြင်သစ်နိုင်ငံ အခြေစိုက်)

(3)               Dragon Power Company Limited (မြန်မာနိုင်ငံ အခြေစိုက်)

(4)               EDF HQ Singapore Pte Ltd (ပြင်သစ်နိုင်ငံ အခြေစိုက်)

(5)               Myanmar National Brotherhood Consortium (မြန်မာနိုင်ငံ အခြေစိုက်)

(6)               NTPC Limited (အိန္ဒိယနိုင်ငံ အခြေစိုက်)

(7)               Nylect Technology (Myanmar) Ltd (စင်ကာပူနိုင်ငံ အခြေစိုက်)

(8)               Southern Metal Industry Co. Ltd (မြန်မာနိုင်ငံ အခြေစိုက်)

(9)               SUEZ Group (ပြင်သစ်နိုင်ငံ အခြေစိုက်)

 

အထက်ပါ အဖွဲ့အစည်း (၉)ဖွဲ့အနေဖြင့် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြစ်စေ၊ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ပါသည်။

 

သိရှိလိုသည့် အချက်များ မေးမြန်းဖြေကြားခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလလယ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး   ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း သတင်းရရှိသည်။