၀န်ကြီးဌာနသတင်းများ



နေပြည်တော် ဇူလိုင် ၁၈


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ရုံးခန်းများ၊ နေ့စဉ်သွားလာ ထိတွေ့ရသည့် နေရာများနှင့် ဝန်ကြီးဌာနပိုင် မော်တော်ယာဉ်များ၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဒုတိယအကြိမ် ပိုးသတ်ဆေးဖျန်းခြင်းကို ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ပါသည်။


ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ချက်အနေဖြင့် နေ့စဉ် ဝန်ထမ်း များ ရုံးပရဝုဏ်အတွင်း မဝင်ရောက်မီ လက်ဆေးခြင်း၊ ရုံးတွင်း ဝင်ရောက်ချိန်တွင် အပူချိန် တိုင်း ကိရိယာဖြင့် တိုင်းတာခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။