၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁


ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ် ပိုမို ရရှိစေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် ထမနဲထိုးပြိုင်ပွဲ ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန များမှ ဝန်ထမ်းမိသားစုများ ပါဝင်သည့် ပြိုင်ပွဲဝင်အဖွဲ့ (၃) ဖွဲ့ ခွဲပြီး ဝင်ရောက်ယှဉ်ပြိုင်ကြ ပါသည်။


အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က တက်ရောက် အားပေးစကားပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသော အဖွဲ့များကို ဆုများချီးမြှင့်ခဲ့ပါသည်။