၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ပူးပေါင်း၍ Deutsche Gesellschaftfur International Zusammenarbeit (GIZ) ၏ပါဝင်ကူညီမှုဖြင့် ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ ဖော်ထုတ်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ကျင်းပပြုလုပ်လျက်ရှိပါသည်။

အဆိုပါဖိုရမ်အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းမှ တက်ရောက်အမှာစကားပြောကြားလျက်ရှိပါသည်။