၀န်ကြီးဌာနသတင်းများ

နေပြည်တော် ဇူလိုင် ၁၅


ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ကကြီးမှူး၍ Video Conference စနစ်ဖြင့် ကျင်းပသည့် “Strengthening ASEAN’s Digital Economy for an Inclusive and Sustainable Recovery” အစည်းအဝေးသို့ ယနေ့နေ့လယ်ပိုင်းတွင် ပါဝင်တက်ရောက် ခဲ့သည်။


အစည်းအဝေးတွင် ASEAN Youth Survey 2020 ၏ အဓိကသုံးသပ်ချက်များကို လည်းကောင်း၊ ဒေသအတွင်း စီးပွားရေးပြန်လည်ရှင်သန်လာစေရေးအတွက် ဆောင်ရွက် မည့် လုပ်ငန်း အစီအစဉ်များကို လည်းကောင်း၊ ဒီဂျစ်တယ် စီးပွားရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင် ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။


“COVID-19” ကာလအတွင်း မိမိတို့နိုင်ငံက မျိုးဆက်သစ်လူငယ်များ အနေဖြင့် နည်းပညာ တီထွင်ဖန်တီးမှုများ ပိုမိုဆောင်ရွက်ခဲ့ပါကြောင်း၊ Digital Payment စနစ် အသုံးပြုမှု လျင်မြန်စွာတိုးတက်လာသည်ကိုလည်း တွေ့မြင်ရပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။