၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ ဩဂုတ် ၂၁


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဉီးသောင်းထွန်းသည် Amata Co., Ltd. ဥက္ကဋ္ဌဖြစ်သူ Mr. Vikrom Kromadit နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် Video Conference စနစ်ဖြင့် တွေ့ဆုံခဲ့ပါသည်။


အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးဦးသန့်စင်လွင် ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိထားပြီးသော AMATA Smart and Eco City နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါတယ်။