၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ ဩဂုတ်လ ၁၇


          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် United Green Co., Ltd.  Director and Head of Agriculture and Livestock ဖြစ်သူ Mr. Rod Bassett နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် Video Conference စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ ပါသည်။


အဆိုပါဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်တို့ ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။