၀န်ကြီးဌာနသတင်းများ


နေပြည်တော် ဇွန်လ ၂

 

​ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် Myanmar Carlsberg Co., Ltd.  Managing Directorဖြစ်သူ Mr. Christoph Vavrik နှင့် အဖွဲ့အားယနေ့နံနက်ပိုင်းတွင် နေပြည်တော် နှင့် ရန်ကုန်မြို့ရှိသက်ဆိုင်ရာနေရာဒေသများမှှ Video Conference စနစ်ဖြင့်တွေ့ဆုံခဲ့ပြီး MCCL မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။



အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။