၀န်ကြီးဌာနသတင်းများ

UNDP နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် ဒုတိယအကြိမ် Country Programme Board Meeting ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကုလသမဂ္ဂစုပေါင်းရုံး၌ ကျင်းပရာ   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနဘအမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးနှင့် UNDP Country Director Mr. Peter Batchelor တို့က co- chair အဖြစ် ဆောင်ရွက်၍ ဦးဆောင် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သက်ဆိုင်ရာ ဝန်ကြီးများ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် လွှတ်တော်ရုံးများမှ အဆင်မြင့်အရာရှိများ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ခန့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၈ -  ၂၀၂၂) အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုများ တွေ့ကြဲုံရသည့်စိန်ခေါ်မှုများ ဘဏ္ဍာငွေ ရရှိသုံးစွဲမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကြသည်။