၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဧပြီ ၂၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ဂျာမနီအခြေစိုက် ဥရောပအကြံပေးကုမ္ပဏီ Roland Berger အား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်မှ Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပါသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် COVID 19 အလွန်ကာလတွင် ဆောင်ရွက်မည့် စီးပွားရေး မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မဟာဗျူဟာများ၊ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။