၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး Mr. Tim Enderlin အား ယနေ့နံနက်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။


ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ဆွစ်ဇာလန်နိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည့် ကုလသမဂ္ဂ ကမ္ဘာ့အချက်အလက်များဆိုင်ရာဖိုရမ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားရင်နှီးမြှုပ်နှံမှုပိုမိုတိုးမြှင့်နိုင်ရေး၊ မြန်မာ-ဆွစ်ဇာလန် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ (၂၀၁၉-၂၀၂၃) အရ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီ ရှင်သန်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးတွင် ဆွစ်ဇာလန် နိုင်ငံက   ကူညီထောက်ပံ့နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။