နေပြည်တော် မတ် ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဉီးသောင်းထွန်းသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)မှ
ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Gordon Johnson အား ယနေ့နံနက် ၁၀:၀၀ နာရီတွင်
လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် UNDP အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြသည်။