၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ ဇူလိုင် ၂၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. MARUYAMA Ichiro အား  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုပိုမို တိုးမြှင့်ရေး ကိစ္စရပ်များနှင့် COVID-19 အလွန်ကာလတွင် ‌ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် Webinar စနစ်ဖြင့် ကျင်းပပြုလုပ်မည့် Myanmar-Japan Investment Dialogue နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးနှင့်အတူ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့ အစည်း (Japan External Trade Organization-JETRO) ရန်ကုန် ၏ အမှုဆောင်ဒါရိုက်တာ Mr. Kazufumi TANAKA နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။